မော်လမြိုင်ကျွန်း မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူ ၁၇ ဦး ထပ်မံတွေ့ရှိ

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၈

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်၌ ယမန်နေ့က ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခံရသူ ၁၇ ဦး ထပ်မံတွေ့ရှိသည်။

မြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခံရသူ (၄၆၇) ဦးရှိပြီး ကုတင် (၁၀၀) ဆေးရုံနှင့် (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံ (ယာယီဆေးရုံ) တို့မှ ကျန်းမာရေး ကောင်းမွန်စွာ ဆေးရုံဆင်းသူပေါင်း (၄၀၆) ဦးရှိပြီဖြစ်သည်။ ကုသဆဲ အတည်ပြုလူနာ (၅၇) ဦး သာကျန်ရှိပြီး ရောဂါအခံရှိသူ (၄) ဦး သေဆုံးခဲ့သည်။

ယခု ကိုဗစ် - ၁၉ ရောဂါပိုး ထပ်မံကူးစက်ခံရသူများမှာ မြို့နယ်အတွင်းရှိ အမှတ် (၂၊၃၊၇၊၉) ရပ်ကွက်များမှဖြစ်ပြီး ဂုံညင်းတန်းကျေးရွာ၊ သာယာကုန်းကျေးရွာမှ အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း (၁၇) ဦးထပ်မံ၍ ရောဂါပိုးကူးစက်ခံရပြီး ၎င်းတို့အား မြို့နယ်ကုတင် (၁၀၀) ဆေးရုံ၊ တိုင်းရင်းဆေးရုံတို့တွင် မြို့နယ်ဆေးရုံအုပ်ကြီး ဒေါတ်တာစန်းဝင်းနှင့် ကျန်းမာ​ရေးဝန်ထမ်းများမှ ဂရုစိုက်ကြပ်မတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

သီတာအောင်(ပြန်ဆက်)