မိုင်းဖြတ်၌ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံး ဆောက်လုပ်မှုအား ကွင်းဆင်းစစ်ဆေး

မိုင်းဖြတ်     ဒီဇင်ဘာ     ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနရုံး ဆောက်လုပ် နေမှု မြေပြင်အခြေအနေများကို ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန် ခန့်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်တည်ဆောက်ရေး ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးစိုင်းကျောက်နှင့် ဦးအားကို မြို့နယ်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် ကော်မတီဝင်များက အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ မိုင်းဖြတ်လှုပ်ရှားရုံး ဆောက်လုပ်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ထား သည့် အရည်အသွေးနှင့် အတိုင်းအတာများ ပြည့်မီရေး၊ လုပ်ငန်းဆောင် ရွက်မှုများအအပေါ် လိုအပ်ချက်များ ရှိပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေးတို့ကို မှာကြားခဲ့သည်။

အဆိုပါ လုပ်ငန်းကို Every Day(TT)ကုမ္ပဏီမှ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၇၀.၀၀) ကျပ်သန်းဖြင့် ၄၀ပေ၊ ၃၀ပေ၊၂၁ပေရှိ  RC(၂)ထပ် အဆောက်အဦ အမျိုးအစား ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး (ပြန်/ဆက်)