ရွာသစ်မြို့ လွယ်ဝိုင်းကျေးရွာတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူနည်းပညာသင်တန်း ဖွင့်လှစ်ပေး

ရွာသစ် ဒီဇင်ဘာ ၂၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ရှိ လွယ်ဝိုင်းကျေးရွာ၌ ဒေသခံ တောင်သူများအား စိုက်ပျိုးရေး ဆိုင်ရာ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနမှ  လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူနည်းပညာပေး သင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ခန်းမဆောင်၌ ဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ခင်ရီလေးနှင့် တာဝန်ရှိ သူများက မြေဆီလွှာနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း အကြောင်း၊ မျိုးကောင်းမျိုးသန့် သုံးစွဲရခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ ဘက်စုံပိုးမွှား ရောဂါ ကာကွယ်နှိမ်နှင်းရေးအကြောင်း စသည်များကို ရှင်းလင်း ဆွေးနွေးပြီး တောင်သူများ သိရှိလိုသည်များကို မေးမြန်းရာ တာဝန် ရှိသူများက လက်တွေ့ပြသ ဆောင်ရွက်ပြီး ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

နန်းဆွေဆွေအေး (ပြန်/ဆက်)