တီးတိန် ဒီဇင်ဘာ ၂၈
ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှု ခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ Case -113572၊ Case -113573၊ Case -113574 နှင့် Case -113575 တို့သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါပိုးတွေ့လူနာတို့သည် တီးတိန်မြို့၊ စကောလမ်းရပ်ကွက်နေ အသက် (၅၆) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၂၇) အရွယ်အမျိုးသားတစ်ဦးနှင့် အသက် (၃) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မြို့မရပ်ကွက်နေ အသက် (၁၉) နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်။
တီးတိန်ပြည်သူ့ဆေးရုံ၌ ယခုလတ်တလောအချိန်တွင် ပိုးတွေ့အတည်ပြုလူနာ အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၉) ဦး ဆေးကုသမှုခံယူဆဲဖြစ်ကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)