အနှေးယာဉ် (ဆိုက်ကား) လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် ယာဉ်ကြံ့ခိုင်မှုစစ်ဆေး

ဝါးခယ်မ  ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်  စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသော အနှေးယာဉ် (ဆိုက်ကား) များအား လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်းတို့ကို ယနေ့နံနက်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ မြို့နယ်အတွင်းရှိ အနှေးယာဉ် (ဆိုက်ကား) စီးရေ ၆၂၄ စီးကို ၂ဝ၂၀-၂ဝ၂၁ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလိုင်စင် သက်တမ်းတိုး ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဒုတိယဦးစီးမှူး (အခွန်) ဒေါ်အေးသီတာနှင့် ဝန်ထမ်းများက လုပ်ငန်းလိုင်စင် သက်တမ်းတိုးစာရွက်စာတမ်းများ ထုတ်ပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောခြင်း၊ ဆိုက်ကားကိုယ်ထည် ဆေးအသစ် သုတ်ထားခြင်း၊ သံပြားနံပါတ်နှင့် ရောင်ပြန်နံပါတ်ပြား တပ်ဆင်ထားခြင်း ရှိ/မရှိ၊ ယာဉ်ကြံ့ခိုင်မှု ရှိ/မရှိ တို့ကို နှစ်ရက်ကြာအပြီးသတ် စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)