ကျိုက်လတ်၌ ''Physical Fitness Dance '' Online Challenge ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ကျိုက်လတ် ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကျင်းပပြုလုပ်သည့် ''Physical Fitness Dance'' Online Challenge ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကို ယမန်နေ့နံနက်(၉)နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပ ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင် က အဖွင့်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန နေပြည်တော်မှ ကြီးမှူးကျင်းပသည့်  ''Physical Fitness Dance'' Online Challenge  ပြိုင်ပွဲ ပွဲစဉ် (၉) ပွဲ ကို (၁၀-၁၁-၂၀၂၀) မှ (၁၉-၂-၂၀၂၁) ထိ ကျင်းပပြုလျက်ရှိရာ ကျိုက်လတ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့်လည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ ကြောင်း၊ ယခုအချိန်တွင် ပွဲစဉ်(၄)အထိ ပြီးမြောက်သွားပြီဖြစ်ပြီး နောက်ထပ်ပွဲစဉ်များတွင် ယခုထက် ပို၍ ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ပြိုင်ပွဲဝင်ဦးရေများပြားလာစေရန် ရည်ရွယ်၍ ယခုအခမ်းအနား ကို ပြုလုပ် ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ''Physical Fitness Dance'' Online Challenge  ပြိုင်ပွဲ ပွဲစဉ်(၄) တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသူများအား တာဝန်ရှိသူအသီးသီးမှ ဆုများချီးမြှင့်ခဲ့ကြသည်။ ထို့နောက် နည်းပြများအား ထောက်ပံ့ပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ''Physical Fitness Dance'' ပွဲစဉ်(၄)သီချင်းဖြင့် နည်းပြဆရာ ဦးဆန်းလင်းအောင် က  သရုပ်ပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)