ရွာငံ ဒီဇင်ဘာ ၂၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ကိုဗစ်ကော်မတီမှ အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရေဦးဈေးတွင် ဈေးရောင်းဈေးဝယ်များနှင့် ဈေးလာပြည်သူများအား နှာခေါင်းစည်းများ တင်ဆင်အသုံးပြုရေးနှင့် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးခြင်းများကို ယနေ့ နံနက်(၇)နာရီက လမ်းမတစ်လျှောက်နှင့် အဆိုပါဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရေဦးကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးဌာနမှ ဈေးတာဝန်ခံ ဦးရန်နိုင်ထွေး၊ ရေဦးကျောက်မြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးတောနှင့် အဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များသည် ဈေးရောင်း၊ ဈေးဝယ်များနှင့် အများပြည်သူများအား ကိုဗစ်- ၁၉ ကူးစက်ရောဂါဘေးမှ ကင်းဝေးစေရန်နှင့် အပြင်ထွက်လျှင် Mask တပ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ် လာ စေရန် ပြည်သူလူထုပူးပေါင်း ပါဝင်လာနိုင်စေရန်နှင့် ဈေးသို့လာရောက်ကြသော ဈေးသူ/ဈေးသားများ၊ ဈေးရောင်း ဈေးဝယ်များအား ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး စာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း နေထိုင်သွားလာရေးနှင့် ဈေးအတွင်းသို့ လာရောက်ပါက နှာခေါင်းစည်း mask တပ်ဆင် အသုံးပြုလာနိုင်ရေးတို့ကို Hand Speaker များဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထွန်းထွန်းဝင်း ( ရွာငံ )