တိမ်ပင်လယ် ညအိပ်စခန်းများဖွင့်ခွင့်ရမည့် အချိန်အတွက်ကြိုတင်ပြင်ဆင်ထားရှိ

ပြင်ဦးလွင် ဒီဇင်ဘာ၂၈

 ရှမ်းပြည်နယ် နောင်ချို မြို့နယ်ရှိ တိမ်ပင်လယ် ညအိပ်စခန်းများသည် ယခုcovid ကာလတွင် ဖွင့်ခွင့်မရရှိသေးသော်လည်း ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်ခွင့်ရမည့်အချိန်အတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရ သည်။

 နောင်ချိုမြို့ရှိတိမ်ပင်လယ်သို့ပြင်ဦးလွင်မြို့မှ သွားမည်ဆိုလျှင် ပြင်ဦးလွင် မှနောင်ချိုမြို့တွင်း မီးပွိုင့်ထိ သွားရမည်ဖြစ်ပြီး မီးပွိုင့်မှညာဘက်ရှိ ကတ္တရာ လမ်းနောင်ချို-ရပ်စောက်လမ်းအတိုင်း နာရီဝက်ခန့်အကြာခန့်တွင် သရက်ကုန်းရွာရောက်မည်ဖြ စ်ကြောင်း ထိုမှတစ်ဆင့် လမ်းညွှန်ဆိုင်းဘုတ်

များအတိုင်း ဆက်၍လာလျှင် နောင်ချိုကြီးကျေးရွာမှ တိမ်ပင်လယ်ညအိပ်စခန်းများအထိ လမ်းညွှန်ပြသထားကြောင်း၊  လမ်းညွှန် ဆိုင်းဘုတ်များ တပ်ဆင်ထားသောကြောင့် တောင်ပေါ်ထိ အရောက် သွားလာရလွယ်ကူနေကြောင်း တိမ်ပင်လယ်ညအိပ်စခန်းဖွင့် လှစ်ထားသူ cloudy villa မှ မယုန္ဒာမှိုင်းကပြောသည်။

နောင်ချိုမြို့အနီးတစ်ဝိုက်က ဧည့်သည်များ ကျန်းမာရေးထောက်ခံချက်၊ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ လာရောက်ကြည့်ရှုနိုင်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးက ဧည့်သည်များ အနေဖြင့် ခရီးသွားလာခွင့် ပြန်လည်ရရှိချိန်၊ ကျန်းမာ​ရေးစစ်ဆေးရေးဂိတ်များ ဖြတ်သန်းသွားလာခွင့် ရရှိချိန်မှသာ တည်းခိုခွင့်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။  

တိမ်ပင်လယ်ညအိပ်စခန်းများ ဖွင့်ခွင့်ရမည့်ကာလ အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တဲအိမ်တွေကို တစ်ခုနဲ့တစ်ခု ပေ၂၀ ခန့် ခြားထားကြောင်း၊ တဲအိမ် တစ်ခုတွင် ၄ ဦးမှ ၈ ဦး၊ ၁၂ ဦးအထိတည်းခိုနိုင်ပြီး ရေချိုးခန်း အိမ်သာ တွဲလျက်ပါဝင်ကြောင်း၊ ၁၂ ဦးတည်းခိုနိုင်သည့် တဲအိမ် ၅ လုံး၊ ၄ ဦးတည်းခိုနိုင်သည့် တဲအိမ် ၅ လုံးနှင့် tent များကို ပြင်ဆင်ထားပြီး စုစုပေါင်း လူဦးရေ ၂၀၀ ဝန်းကျင်အတွက် ကြိုတင်ပြင်ဆင်ထားရှိကြောင်း၊ ကားဟောင်းများကိုလဲ အိမ်အဖြစ်တည်းခို နိုင်စေရန် တစ်ဖန်ဆန်းသစ်ပြီး ပြင်ဆင်ထားကြောင်း သိရသည်။

မြတ် ဆုမွန်