ချင်းရွှေဟော်မှ နေရပ်ပြန်ပြည်သူ (၃၁)ဦး အား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်

ချင်းရွှေဟော်      ဒီဇင်ဘာ     ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊  ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ(၃၁)ဉီးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိ နိုင်ရေးအတွက် ယနေ့ နံနက်(၁၁)နာရီခွဲအချိန်က လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၁)ဉီးမှာ အမျိုးသား (၁၉)ဉီး၊ အမျိုးသမီး (၁၂)ဉီးတို့ ဖြစ်ကြပြီး ရန်ကုန်တိုင်း ဒေသကြီး၊  လှိုင်သာယာမြို့နယ်မှ (၁) ဉီး၊ ထောက်ကြန့်မြို့နယ်မှ(၁)ဉီး၊  မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် မှ (၂)ဉီး၊ မတ္တရာမြို့ နယ်မှ(၁)ဉီး၊ ငါန်းဇွန် မြို့နယ်မှ(၂)ဉီး၊ ဝမ်းတွင်းမြို့နယ်မှ(၁)ဉီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဝေါမြို့နယ်မှ(၁)ဉီး၊ အုတ်တွင်း မြို့နယ်မှ(၁)ဉီး၊ လက်ပံတန်းမြို့နယ်မှ(၁)ဉီး၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်မှ(၃)ဉီး၊ အောင်လံမြို့နယ်မှ(၃)ဉီး၊  ဧရာဝတီ တိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်မှ(၂)ဉီး၊ ဟင်္သာတမြို့နယ်မှ (၃)ဉီး၊ ကချင်ပြည်နယ်၊မိုးမောက်မြို့နယ်မှ(၁)ဉီး၊ ရခိုင်ပြည်နယ်၊ မန်အောင်မြို့နယ်မှ(၂)ဉီး၊ နေပြည်တော်၊ လယ်ဝေး မြို့နယ်မှ(၁)ဉီး၊ ဇမ္ဗူသီရိမြို့နယ်မှ(၁)ဉီး၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး မြို့နယ်မှ(၁)ဦး၊ မန်တုံမြို့နယ်မှ (၁)ဉီး၊ မူဆယ်မြို့နယ်မှ(၁)ဉီး နှင့် လောက်ကိုင်မြို့နယ် မှ(၁)ဉီး တို့ဖြစ် သည်။

၎င်းနေရပ်ပြန် ပြည်သူများအား ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ အသွားအလာ ကန့်သတ် စောင့်ကြည့်ရေး စခန်းတွင်ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနက ပထမအကြိမ် Rapid Test Kit စနစ်ဖြင့် စစ်ဆေးခြင်းနှင့် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များအား ထပ်မံရယူ၍ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်း သိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ  သက်ဆိုင်ရာဒေသများသို့    ရောက်ရှိနိုင်ရေးအတွက်   စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)