ရွှေကူမြို့နယ်၌ ငှက်ပျောတင်ယာဉ်(၂)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိ

ရွှေကူ  ဒီဇင်ဘာ  ၂၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၈၇)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၆၁)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ နံနက် နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ၌ ၁၂ ဘီး ငှက်ပျောတင်ယာဉ်()စီးမှ မတ္တရာမြို့နယ်၊ သပြေတိုက် ကျေးရွာဇာတိ၊ လက်ရှိ ဗန်းမော်()မိုင်ကားကွင်း ယာဉ်ပေါ်တွင်နေထိုင်သော ယာဉ်မောင်းအမျိုးသား()ဦးနှင့် ကောလင်းမြို့၊ ကျော်ဇေယျာ() ဝါးရုံတုန်း ရပ်ကွက်တွင် နေထိုင်သော ယာဉ်နောက်လိုက် အမျိုးသား()ဦးထံတွင် ကိုဗစ်၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့သည်။

အဆိုပါ ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသော အမျိုးသား()ဦးအား ရွှေကူမြို့ လယ်ပြင်ကြီးရပ်ရှိ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာ တိုက်ခန်း(ယာယီဆေးကုသဆောင်)သို့  ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းပိုးတွေ့လူနာများနှင့် ဆက်စပ်လျက် ရှိသောသူများကို ရွှေကူမြို့  အမှတ်() အခြေခံပညာ အထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် ပို့ဆောင်ထားရှိကြောင်း သိရသည်။

ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်၁၉ရောဂါ ကျန်းမာရေးပူးပေါင်း စစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ဒီဇင်ဘာလ(၂၇)ရက်နေ့အထိ ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၅၉)ဦးရှိပြီ ဖြစ်ကြောင်း၊ (၄၂)ဦးမှာ ကျန်းမာရေး ပုံမှန်အတိုင်းကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)