မန္တလေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၁ ခုနှစ်မတ်လအတွင်း၌ မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန် ဧက(၁၇၅)ဧက စိုက်ပျိုးသွားမည်

မန္တလေး ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝါသီးနှံစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်မျိုးစေ့များ စိုက်ပျိုး ထုတ်လုပ် နိုင်ရန် ရည်ရွယ်၍ မိုးကြိုချည်မျှင်ရှည်ဝါအထူးဇုန်ဧက (၃၅၀)ကို ၂၀၂၁ ခုနှစ် မတ်လ အတွင်း စိုက်ပျိုးသွားရန် လျာထားခဲ့သော်လည်း ရေရရှိမှုအခက်အခဲများကြောင့် အထူးဇုန်ဧက (၁၇၅)ဧက သာ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။

တိုင်းဒေသကြီးအတွင်း ရေမြေဒေသနဲ့ကိုက်ညီတဲ့ ဝါသီးနှံမျိုးကောင်းမျိုးသန့်မျိုးစေ့များ စိုက်ပျိုး ထုတ် လုပ်နိုင်ရန်၊ ကုန်ကျစရိတ်လျော့နည်းပြီး အရည်အသွေးမြင့်မားကာ အထွက်တိုးလာစေရန် မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန်ဧက(၃၅၀) ကို ၂၀၂၁ ခုနှစ် မတ်လအတွင်း စိုက်ပျိုးရန် လျာထားခဲ့သော်လည်း ရေရရှိမှုအခက် အခဲများကြောင့် အထူးဇုန်ဧက(၁၇၅)ဧက သာ စိုက်ပျိုး တော့ မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၄)မြို့နယ်ရွေးချယ်ကာ စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနည်းပညာများအပြင် ဝါမျိုးကောင်းမျိုးသန့် အထွက်နှုန်းတိုးတက်ရေး အတွက်လည်း နည်းပညာပေးသွားမည် ဖြစ်ကြောင်း၊တောင်သူများ၏ ဝင်ငွေတိုးတက်ရေးနှင့် အရည် အသွေး ကောင်းမွန်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း မန္တလေးတိုင်း ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးကြိုချည်မျှင်ရှည်ဝါအထူးဇုန်ဧက(၁၇၅) စိုက်ပျိုးမည့် မြို့နယ် လေးမြို့နယ် မှာ သာစည် မြို့နယ်တွင် (၅၀)ဧက၊ဝမ်းတွင်းမြို့နယ်တွင် (၂၅)ဧက၊ ရမည်းသင်း မြို့နယ်တွင်(၅၀)ဧကနှင့် ပျော်ဘွယ် မြို့နယ်တွင်(၅၀)ဧက ဖြစ်ပြီး စိုက်ပျိုးမည့် ဝါမျိုးမှာ ရွှေတောင်(၁၀) ဝါမျိုး ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း