မော်လမြိုင်ကျွန်း ဒီဇင်ဘာ၂၈
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဖိုးခမှီဒေါင့်ကျေးရွာတွင် မောင်နှမသုံးဦး သေတ္တာထဲဝင်ရောက်ကစားကြရာမှ အသက်ရှူကြပ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ယမန်နေ့ နံနက်ပိုင်းအချိန်က မိဘနှစ်ပါးစလုံးလယ်ထဲသို့ သွားနေစဉ် မောင်---- (အသက် ၈ နှစ်) မောင်------ (အသက် ၆ နှစ်) နှင့် မ---- (အသက် ၁ နှစ် ၈ လ) မောင်နှမသုံးဦးတို့သည် နေအိမ်အတွင်းရှိ သေတ္တာထဲဝင်ရောက် ဆော့ကစားခဲ့ရာမှ အသက်ရှုကြပ်၍ မောင်နှမ သုံးဦးစလုံး သေဆုံးခဲ့ပါသည်။ သေဆုံးသူကလေးငယ်များအား မြို့နယ်ကုတင် (၁၀၀) ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ပြီး ကျိုက်ပိကျေးရွာအုပ်စု ရဲစခန်းတွင် သေမှုသေခင်း အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သီတာအောင် (ပြန်ဆက်)