ကွန်ဟိန်းမြို့၊ ဝမ်ပန်စံပြကျေးရွာ၌ ကျေးလက်ဒေသ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်

ကွန်ဟိန်း ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြို့မကျေးရွာအုပ်စု၊ ဝမ်ပန်စံပြကျေးရွာ၌ ကျေးလက်ဒေသ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအား ယမန်နေ့ နံနက် ၁၀နာရီ အချိန်ခန့်က ဝမ်ပန်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် စံပြကျေးရွာအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းအား ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဝမ်ပန်စံပြကျေးရွာ ဘုန်းကြီးကျောင်းအား အလှူငွေ (၅၀,၀၀၀/-)ကျပ်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ ဝမ်ပန်ကျေးရွာအတွင်းရှိ မသန်စွမ်းသူနှစ်ဦးအား တစ်ဦးလျှင် ငွေသား (၅၀,၀၀၀/-) ကျပ်စီ ထောက်ပံ့ပေးအပ်ခြင်း၊ စံပြကျေးရွာနေ ပြည်သူများအနေဖြင့် ကျန်းမာရေး ညွှန်ကြားချက် များနှင့်အညီ နေထိုင်ရန် အသိပညာပေးခြင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် စံပြကျေးရွာအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းသို့ ဆောင်ရွက်ခြင်းအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးနှင့် အဖွဲ့ဝင်များမှ သွားရောက် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)