မိုင်းခုတ် ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် စည်ပင်သာယာရေးဦးစီးဌာနမှ ပထမ (၆)လပတ် ငွေလုံးငွေရင်းဖြင့် မြို့တွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်စည်ပင် သာယာရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော အမှတ်(၂)ရပ်ကွက်(ဝမ်ဝိန်း)ရှိ ဗိုလ်ချုပ်လမ်း အရှည် (၃၆၀)ပေ၊ အကျယ်(၁၂)ပေနှင့် ထု(၆) လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ခွင့်ပြု ရန်ပုံငွေကျပ် (၁၃,၀၆၀,၀၀၀)ဖြင့် တင်ဒါအောင်မြင်သော LMC Family ကုမ္ပဏီမှ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး ယခင်ကထက် ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ခွဲ စည်ပင်သာယာရေး ဦးစီးဌာန တာဝန်ခံ ဦးစိုင်းဆိုင်ဟိန်းထံမှ သိရသည်။
စိုးတင့်(ပြန်/ဆက်)