အစားအစာဘေးကင်းလုံခြုံရေးစီမံကိန်းဖြင့် စိုက်ပျိုးသော စိုက်ခင်းများကွင်းဆင်းစစ်ဆေး ကြက်သွန်နီ သဘာဝပိုးသတ်ဆေးပြုလုပ်နည်းပြသ

မတ္တရာ ဒီဇင်ဘာ ၂၈

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာအုပ်စု မြောင်းသစ်ကျေးရွာတွင်  အစားအစာ ဘေးကင်းလုံခြုံရေး စီမံကိန်း(Food Safety Project)ဖြင့် သီးနှံများစိုက်ပျိုးနေ သော တောင်သူများထံသို့ စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝ ပိုးသတ်ဆေး လုပ်နည်းနှင့်  အောင်မြင်ဖြစ်ထွန်းနေသော သီးနှံစိုက်ခင်းများကို ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ သဘာဝပိုးသတ်ဆေးများပြုလုပ်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာမှ ကြက်သွန်ဖြူ၊ ရှာလကာရည်၊ အရက်နှင့် ရေတို့ကိုအချိုးကျရောစပ်သော  ကြက်သွန်ဖြူသဘာဝပိုးသတ်ဆေးပြုလုပ်ခြင်း၊ အသုံးပြုနည်းများကို ရှင်းလင်းပြောကြားခဲ့ ပြီး အစားအစာဘေးကင်းလုံခြုံရေးအတွက် သဘာဝပိုးသတ်ဆေးများကိုသာအသုံးပြုရန်လို အပ်ကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး စပါးခွံမှ မီးသွေးပြုလုပ်နည်း၊ သဘာဝပိုးသတ် ဆေး၊ အသီးအရွက်အားဆေး ပြုလုပ်နည်းနှင့် သဘာဝမြေသြဇာပြုလုပ်နည်းများပါဝင်သော စာအုပ်များကို တက်ရောက်လာသောတောင်သူများအား အခမဲ့ဖြန့်ပေးဝေခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် တောင်သူများစိုက်ပျိုးထား သော သီးနှံစိုက်ခင်းများ သို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အားနည်းချက် အားသာချက်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။

အစားအစာဘေးကင်းလုံခြုံရေးစီမံကိန်း(Food Safety Project) ပြုလုပ်ရခြင်း၏ ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့် အလေ့အကျင့်ကောင်းများကို စိုက်ပျိုးထုတ်လုပ် သူများအား လေ့ကျင့် ပေးနိုင်ရန်၊ စျေးကွက်တင်ပို့ရောင်းချရာတွင် ဝင်ငွေတိုးတက်စေရန်၊ စားသုံးသူ ပြည်သူ လူထုအား ကျန်းမာရေးနှင့်ညီညွတ်၍ အန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များ ရွေးချယ်စားသုံးတတ်သည့် အမူအကျင့် ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်းသိရသည်။ မတ္တရာမြို့နယ်တွင်  အစားအစာဘေးကင်းလုံခြုံရေး စီမံကိန်းတွင် စည်တိုင်းကန်၊  မြောင်းသစ်၊ ဇီးဖြူကုန်း၊ တမာကုန်းနှင့်ကျောင်းကုန်းကျေးရွာများပါဝင်ပြီး၊ မြောင်းသစ်ကျေးရွာတွင် ခရမ်းချဉ်သီး(၁၀)ဧကနှင့် တိုင်ထောင်ပဲ(၂၅)ဧက စုစုပေါင်း (၃၅)ဧက စိုက်ပျိုးထားရှိကြောင်းသိရသည်။

စိုးကျော်သူထွေး