မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု ကုက္ကိုစုကျေးရွာတွင် မြစ်ကမ်းပါးပြိုကျသဖြင့် စိုးရိမ်ရသည့် နေအိမ်များအား ပြောင်းရွှေ့နေထိုင်ရန်စီစဉ်ဆောင်ရွက်

မအူပင်  ဒီဇင်ဘာ ၂၈

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ ကုက္ကိုစုကျေးရွာတွင် မြစ်ရေတိုက်စားခြင်းနှင့် မြစ်ကမ်းတည်ငြိမ်မှုမရှိသဖြင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်သဖြင့် မြစ်ကမ်းနှင့် နီးကပ်သည့် စိုးရိမ်ရသော နေအိမ်များအား ပြောင်းရွှေ့နေထိုင်ရန်အတွက် ယမန်နေ့ နေ့လယ်ပိုင်းက မအူပင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ ရပ်မိ၊ ရပ်ဖများ ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။

အဆိုပါ မြစ်ကမ်းပြိုကျမှုကြောင့် မြစ်ကမ်းနှင့် နီးစပ်သည့် နေအိမ် (၂၀)ခန့်အား ကျေးရွာ အုပ်ချုပ်ရေးမှူး၏ စီစဉ်မှုဖြင့် ပြောင်းရွှေ့နေထိုင်ရန် စီစဉ်မှုများဆောင်ရွက်လျက်ရှိပြီး လတ်တလောတွင် ဆွေမျိုးများ၊ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)