ဧရာဝတီဖောင်ဒေးရှင်းမှ ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးရုံသုံးအထောက်အကူပြုပစ္စည်း များ ပေးအပ်လှူဒါန်း

ရေကြည်   ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ဧရာဝတီဖောင်ဒေးရှင်းမှ ဆေးရုံသုံး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ရေကြည်မြို့နယ် ပြည်သူ့ ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆေးရုံသုံး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူ ဒါန်းပွဲတွင် ဧရာ၀တီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ရေကြည်ပြည်သူ့ဆေးရုံသို့ HDU ကုတင် (Patient Monitor / Bed/ Table/Cabinet) (၂)စုံ၊ ECG(၁)လုံး ၊ Syringe Pump (၂)လုံး၊ PAPR(၂)စုံ၊ Surgical Mask (၁၅,၀၀၀)၊ ဆေးရုံ သုံးကုတင် (Bed/Cabinet)(၄၈)စုံ၊ စုစုပေါင်းတန်ဖိုးငွေ တစ်ရာရှစ်ဆယ် သုံးသိန်းငါးသောင်းကျပ်ကို လည်းကောင်း၊ အ.ထ.က FQ စင်တာသို့ surgical mask၊ PPE ဝတ်စုံများကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်အောင်မှ လက်ခံရယူခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)