ရေဖြူ ဒီဇင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ရွာ ကိုဗစ်_၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးအသွား အလာစောင့်ကြည့်ရေးစခန်းဝင်ရောက်နေသူများအတွက် အလှူရှင် များက ယမန်နေ့နံနက်က ထမင်းဟင်းများနှင့် လက်သန့် ဆေးများလာရောက်လှူဒါန်းကြသည်။
ထိုသို့လှူဒါန်းရာတွင် ကိုအောင်လွင်နှင့် ခရစ်ယာန်အသင်းတော်အဖွဲ့၊ တောင်ရင်းအင်းကျေးရွာ စေတနာ ရှင်များက နေ့လည်စာထမင်းဟင်းများကိုလည်းကောင်း၊ အုန်းပင်ကွင်းကျေးရွာ မနီလာအေးနှင့်သူငယ်ချင်းများက လက်သန့်ဆေး (၃၀)ဗူးနှင့် လက်ဆေးဆပ်ပြာရည် (၈)ဂါလံကို လာရောက်လှူဒါန်းကြရာ Quarantine Centre ရှိ နေထိုင်သူများနှင့် စေတနာ့ဝန်ထမ်းတို့က လက်ခံရယူခဲ့ကြောင်းသိရသည်။ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ အသွားအလာစောင့်ကြည့်ရေး စင်တာ(၂)ခုတွင် အမျိုးသား (၄၉)ဦးနှင့် အမျိုးသမီး(၄၂)ဦး၊ ပေါင်း (၉၁)ဦးရှိကြောင်း Quarantine Centre တာဝန်ခံ ဦးအောင်စိုးထံမှ သိရသည်။
ဖြူဖြူရှိန်