မအူပင် ဒီဇင်ဘာ ၂၈
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တွင် ဆောက်လုပ်သည့် ရွှေတောင်မှော် ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းအား တင်ဒါအောင်မြင်သည့် အာကာကမ္ဘာ ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် လျက်ရှိရာ အ.ထ.က ကျောင်း(၁၀၀%) တည်ဆောက်ပြီးစီးမှုကို ယမန်နေ့ နေ့လယ် ၂ နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။
ကွင်းဆင်း စစ်ဆေးရာသို့ မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ မအူပင်ခရိုင် ပညာရေးမှူး ဦးအောင်ဇေယျနှင့် မြို့နယ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူများက သတ်မှတ် စံညွှန်းနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ခဲ့ပြီး အဆိုပါ ကျောင်းအား အလျား ၁၃၀ပေ၊ အနံ ၃၀ ပေ RC ၂ ထပ် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)