အိမ်မဲ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း အသွားအလာ ကန့်သတ် ထားသူများ၏ ဓာတ်ခွဲနမူနာများကို ရယူ၍ ဒီဇင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အသွားအလာကန့်သတ်ထားသူများ၏ ဓာတ်ခွဲနမူနာများကို အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး အထောက်အကူပြု အဖွဲ့မှ တာဝန်ရှိသူများက အ-ထ-က(၁) Facility Quarantine Camp မှ အသွားအလာ ကန့်သတ်ထား ရှိသူ (၁၄) ဦး၊ ရွာသစ်(အ-ထ-က) Facility Quarantine Camp မှ အသွားအလာ ကန့်သတ်ထားရှိသူ(၁၀)ဦး၊ အိမ်မဲဆေးရုံမှ(၁)ဦးစုစုပေါင်း (၂၅) ဦးတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲ နမူနာရယူ၍ ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ခွဲနမူနာများ၏ အဖြေများအား သိရှိရပါကအိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (page) တွင် အချိန်နှင့်တစ်ပြေးညီ ပြန်လည်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် Covid-19ပိုးတွေ့ရှိသူ ယနေ့အထိ(၅၂)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၄၉)ဦးနှင့် ဆေးရုံ တက်ရောက်ကုသနေသူ(၃)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)