နမ္မတူမြို့နယ်၌ မိုင်းစင်ဒဏ်ရာရလူနာ(၄)ဦးအား တစ်ဦးလျှင် နှစ်သိန်းကျပ်နှုန်း ထောက်ပံ့ပေးအပ်

နမ္မတူ ဒီဇင်ဘာ ၂၈

ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအုပ်စု၊ နမ့်ပိုင်ကျေးရွာ  မိုင်းစင် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည့် ဒေသခံပြည်သူ (၄)ဦးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထာရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ခြင်း ကို ယနေ့ နေ့လယ် (၂)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေး ဦးစီးဌာနကိုယ်စား နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်က နားဆိုင်းကျေးရွာအုပ်စု နမ့်ပိုင်ကျေးရွာမှ မိုင်းစင် ဒဏ်ရာရရှိသူ အမျိုးသမီး (၃)ဦး၊ အမျိုးသာ (၁)ဦး စုစုပေါင်း (၄)ဦးတို့အတွက် (၁)ဦးလျှင် ငွေကျပ် (၂၀၀၀၀၀)ကျပ် နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၈၀၀၀၀၀)ကျပ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)