မြစ်သား ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကာကွယ် နိုင်ရေးအတွက် မြစ်သားမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ (SRT) အဖွဲ့မှ ဦးဆောင်ပြီး ယနေ့နံနက်(၈)နာရီအချိန်တွင် ဗိုလ်ချုပ်လမ်း၊ ရွှေမုဌောဘုရားရှေ့တွင်ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
မြစ်သားမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ (SRT) အဖွဲ့မှ Maskတပ်ဆင် လာခြင်းမရှိသည့် လမ်းသွားလမ်းလာ ပြည်သူများအား Mask များကို အခမဲ့ပေးဝေခြင်းနှင့် ပြင်ပသို့သွားလာရာတွင် Mask များမဖြစ်မ နေစနစ်တကျတပ်ဆင်ရေး လက်သန့်ဆေးရည်များဖြင့်လက်ကို စနစ်တကျဆေးစေခြင်း၊ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ လူတိုင်း (Mask)နှာခေါင်းစည်းတပ်ကြစို့ အသိပညာပေး ဗီနိုင်းပိုစတာများကိုင်ဆောင်၍ အသိပညာပေး ခြင်းများကို လူတိုင်းလူတိုင်း (Mask) နှာခေါင်းစည်းတပ်ဆင်ပြီးမှ နေအိမ်ပြင်ပသို့သွားလာရန် ၊ လက်ကိုစနစ်တကျဆေးရန် ၊ လူစုလူဝေးနေရာများသို့ အတတ်နိုင်ဆုံး သွားလာ ခြင်းကို ရှောင်ကြဉ် ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခြင်းများကို ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါMask Campaign ဆောင်ရွက်ရာနေရာသို့ မြို့နယ်(SRT) အဖွဲ့မှ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးနိုင်မင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရ သည်။
မြမြမွန်