တာချီလိတ် ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အတွက် အွန်လိုင်းမှဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစံသိန်း(မောင်ဖိုးစံ-ဒူးယား)မှ အမှာစကား ပြောကြားပြီး Fever corner တာဝန်ခံ ကျန်းမာရေးမှူး ဦးဇော်လင်းဦးက တာချီလိတ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် "Fever corner အခန်းကဏ္ဍ" ခေါင်းစဉ်ဖြင့်ဆွေးနွေးပြီး ခရိုင် ဆေးရုံအုပ်ကြီးမှ ဖြည့်စွက်ဆွေးနွေးခြင်း၊ မိုးကုတ်တရားစခန်း Quarantine Centre မှတာဝန်ခံ ဦးရဲနန္ဒလင်းက လုပ်ငန်းဆောင်ရွက် ချက်များ ဆွေးနွေးခြင်းနှင့် ကိုဗစ်ရောဂါ ပျောက်ကင်း သွားသူ ကိုငယ်လေးမှ ရောဂါဖြစ်ပွားမှု အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဆွေးနွေးပွဲတွင် တက်လာရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းခြင်း၊ ပြန်လည် ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြ ကြောင်း ယခုကဲ့သို့ အွန်လိုင်းမှ အသိပညာပေး ဆွေးနွေးခြင်းသည် တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)