ရွှေသောင်ယံမြို့တွင် မီးသင်္ဂြိုလ်စက်တည်ဆောက်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်

ရွှေသောင်ယံ ဒီဇင်ဘာ

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ရပ်ကွက်(၁၊၂၊၃)မှ အုပ်ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး စိတ်ပါဝင်စားသူများ စုစည်း၍ မီးသင်္ဂြိုလ်စက်ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းကာ လုပ်ငန်း ဆောင်ရွက် လျက်ရှိသည်။

မြို့ခံအလှူရှင်တစ်ဦးမှ မြေနေရာ (၃)ဧက လှူဒါန်းထားပြီး စီးပွားလုပ်ငန်းရှင်များနှင့် မြို့ခံပြည်သူများ၏ မတည်လှူဒါန်းငွေ ကျပ်(၉၃)သိန်း (၅)သောင်း ရရှိထားကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းကို ရပ်ကွက်() အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ရွှေဟိန်းထက်ကုမ္ပဏီမှ မြေတူးစက်များဖြင့် ယမန်နေ့ နံနက်ပိုင်းမှစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မီးသင်္ဂြိုလ်စက်ကို ရွှေသောင်ယံမြို့ ရပ်ကွက်(၁၊၂၊၃)ရှိ နာရေးကိစ္စများအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ မြို့နှင့် ()ဖာလုံသာဝေးကွာသည့်အတွက် ရာသီမရွေး အဆင်ပြေပြေ အသုံးပြုနိုင်ရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် မီးသင်္ဂြိုလ်စက်တည်ဆောက်ရန်ငွေကျပ် (၃၅၀) သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း မီးသင်္ဂြိုလ်စက်ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင်များထံမှ သိရသည်။

ကိုကိုမောင် (ပြန်/ဆက်)