ပိုးတွေ့လူနာနှင့် ထိစပ်မှုရှိသဖြင့် Quarantine ဝင်ရောက်နေသူများအား ဒုတိယအကြိမ် Swab နမူနာယူစစ်ဆေးရာမှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကျောက်ပန်းတောင်း  ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် Quarantine ဝင်ရောက် နေသူများအား ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ဒုတိယအကြိမ် Swab နမူနာယူ စစ်ဆေးရာမှ ပိုးတွေ့လူနာနှင့် ထိစပ်မှုရှိသဖြင့်  Quarantine ဝင်ရောက်နေသူ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း သိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် Quarantine ဝင်ရောက် နေသူ(၁၂၆)ဦးမှ ပထမအကြိမ် RDT Test Kit ဖြင့် စစ် ဆေးပြီး၊ ဒုတိယအကြိမ် Sawb စစ်ဆေးရန် ကျန်ရှိသူ(၃၀)ဦး၊ မြို့နယ် ပြည်သူ့ဆေးရုံတွင် အနံ့မရသဖြင့် ဆေးရုံးတက်ရောက် ကုသနေသူ(၁)ဦး နှင့် ပြည်သူ့ဆေးရုံမှ ဆရာဝန်(၂)ဦး၊ စုစုပေါင်း(၃၃)ဦးတို့အား ဒီဇင်ဘာ(၂၇)ရက်နေ့တွင် ဒုတိယအကြိမ် Swab နမူနာ များရယူ၍ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ပြည်သူ့ကျန်းမာရေဓာတ်ခွဲမှုဌာန(မန္တလေး) သို့ပို့ဆောင် စစ်ဆေးခဲ့ရာ၊ တမ္ပ ဝတီရပ်ကွက်နေ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရပြီး၊ ၎င်းပိုးတွေ့လူနာ များမှာ ဒီဇင်ဘာ(၂၆)ရက်နေ့ က နေပြည်တော် တွင် စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့သည့် ကျောက်ပန်းတောင်းမြို့ တမ္ပဝတီရပ်ကွက် နေသူ အမျိုးသမီးငယ်နှင့်ထိစပ်ခဲ့သဖြင့် Quarantine ဝင်ရောက်နေသူများဖြစ်ကြောင်းသိရသည်။

အဆိုပါ ပိုးတွေ့လူနာ(၃)ဦးကို ကျောက်ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး၊ ၎င်းတို့နှင့်ထိတွေ့ဆက် စပ်မှုရှိခဲ့သူများကို စုံစမ်းဖော်ထုတ်၍ G.T.I Quarantine Center သို့ ပို့ဆောင်ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကိုနေ