ညောင်တုန်းမြို့နယ်၌ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ(၇/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ညောင်တုန်း  ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ (/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သီတာစမ်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ဆောင်ရွက်မည့် အဆိုပြုစီမံကိန်း ဦးစားပေး ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်း စီမံကိန်းများ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများက စီမံကိန်းဦးစားပေး ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းစီမံကိန်းများအား ပြည်ထောင်စုငွေလုံးငွေရင်းနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း တို့ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအခြေအနေနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းလွင်၊ အမှတ် () တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သီတာစမ်းတို့က ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)