ချောင်းသာ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ပြည်သူများ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကင်းဝေစေရေးအတွက် ထုတ်ပြန်ထားသည့် စည်ကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ၊မရှိ ယနေ့ နံနက်ပိုင်းအချိန်က စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့အတွင်းသို့ ဝင်ရောက်လာသောကား၊ ဆိုင်ကယ်စာရင်းများ စနစ်တကျ ကောက်ယူခြင်း၊ ချောင်းသာမြို့အတွင်းမှ ကုန်တင်ယာဉ်များအား ပုသိမ်မြို့နယ် ကျော်လွန်၍ ကုန်သယ်ဆောင်ခြင်း ရှိ/မရှိ၊ မြို့အတွင်းသို့ ဝင်ရောက်လာသော ကုန်တင်ကားများအား နေရာ(၅)ခုအထိ သတ်မှတ်ထားပြီး (၅) နေရာအထက်ဖြစ်ပါက မြို့အဝင်စစ်ဆေးရေး ဂိတ်တွင်သာ ကုန်ပြောင်းလဲ ပို့ဆောင်ရန်၊ ရေခဲပုံးများနှင့် ဒေသထွက်ကုန် ပစ္စည်းများအား မြို့နယ်နမိတ်အတွင်းသာ ရောင်းချခွင့်ပြုရန်၊ ရေသန့်ကား၊ သောက်ရေတွန်းလှည်းများအား သတ်မှတ်ချက်နှင့်အညီ ဖြန့်ဖြူး ရောင်းချကြရန်၊ မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ရယူ သွားလာကြရန်၊ သုံးဘီး(အိုးဝေ)၊ ဆိုင်ကယ်နှင့်ဆိုက္ကား လုပ်ကိုင်နေသူများအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက် နှင့်အညီ လုပ်ကိုင်ကြရန် စသည့်အချက်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းလုပ်ငန်းကို ကိုဗစ်-၁၉ စစ်ဆေးရေးအဖွဲ့များက အလှည့်ကျတာဝန်ယူ၍ စစ်ဆေးလျက်ရှိရာ ယနေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ချောင်းသာ(ပြန်/ဆက်)