လေးမျက်နှာ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသော ခြေနင်းလက်ဆေး ဘေစင်(၂)လုံးတွဲများကို ယနေ့နံနက်ပိုင်းက အ.ထ.က ကျောင်းများသို့ သွားရောက်ပေးအပ် လှူဒါန်းခဲ့သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ quarantine center များတွင် အသုံးပြုရန်အတွက် ပေးပို့လှူဒါန်းသော ခြေနင်းလက်ဆေး ဘေစင်(၂)လုံးတွဲများကို လေးမျက်နှာမြို့နယ် ကြက်ခြေနီ အသင်းမှ အ.ထ.က(လေးမျက်နှာ)၊ အ.ထ.က(ပန်းတောကြီး)၊ အ.ထ.က(လှော်ကထား) ကျောင်းများသို့ မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးစိုး၀င်းနှင့် ကော်မတီ၀င်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲမှူး ဦးဉာဏ်၀င်းပိုင်နှင့် တပ်ဖွဲ့၀င်များမှ သွားရောက်လှူဒါန်း ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက လက်ခံခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)