တန့်ယန်း ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများတို့က ပူးပေါင်း ဆောင်ရွက်လျက်ရှိကြရာ အသွားအလာကန့်သတ်ထားသော စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre) တွင် ဒီဇင်ဘာလ ၂၆ ရက် ညနေပိုင်းက နှာခေါင်းနှင့်အာခေါင်တို့မှ ဓာတ်ခွဲနမူနာ ရယူခဲ့သည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီးရေးအတွက် စောင့်ကြည့်ရေးစခန်း (Facility Quarantine Centre)တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ဇော်ဦးနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန် ဒေါက်တာစိုးသန်းထိုက်တို့က ကြီးကြပ်ကာ ကန့်သတ်စောင့်ကြည့်ထားသူ (၄၈)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့မှ ဓါတ်ခွဲနမူနာ တို့ဖတ်များကို မြို့နယ် ကျန်းမာရေးဌာနဝန်ထမ်းများက ရယူပြီး မူဆယ်မြို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့ရာတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ စစ်ဆေးချက်အဖြေအရ စစ်ဆေးခဲ့သူ အားလုံး တွင် ကိုဗစ် - ၁၉ ရောဂါပိုး မရှိကြောင်း သိရသည်။
မင်းလွင်ဦး (ပြန်/ဆက်)