အိမ်မဲ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း အသွားအလာ ကန့်သတ်ထားသူများ၏ ဓာတ်ခွဲနမူနာများကိုရယူ၍ ယမန်နေ့က ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အသွားအလာ ကန့်သတ်ထားသူများ၏ ဓာတ်ခွဲနမူနာများကို အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး အထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူများက အ-ထ-က(၁) Facility Quarantine Camp မှ အသွားအလာ ကန့်သတ်ထားရှိသူ (၁၄)ဦး၊ ရွာသစ်(အ-ထ-က) Facility Quarantine Camp မှ အသွားအလာ ကန့်သတ်ထားရှိသူ (၁၀)ဦး၊ အိမ်မဲဆေးရုံမှ(၁)ဦး စုစုပေါင်း (၂၅)ဦးတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲနမူနာရယူ၍ ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ခွဲနမူနာများ၏ အဖြေများအား သိရှိရပါက အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (page)တွင် အချိန်နှင့်တစ်ပြေးညီ ပြန်လည်ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ယနေ့အထိ (၅၂)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၄၉)ဦးနှင့် ဆေးရုံတက်ရောက် ကုသနေသူ (၃)ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)