ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ကျေးရွာအုပ်စု(၆)စုအား အပေါ့စားအရေးပေါ် မီးသတ်စက်နှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ အချိန်က ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါပေးအပ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်း ထွန်းဦး၊ ဦးဆောင်ပြီး ငပုတောမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းအောင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ မြို့မီးသတ်စခန်းနယ်မြေ လက်ထောက် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်နှင့် ဌာနဆိုင်ရာများ ၊ကျေးရွာအုပ်စု ၆ ခုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြ ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးက အပေါ့စားအရေးပေါ် မီးသတ်စက်များရရှိအောင် ဆောင်ရွက်ခဲ့ရပုံနှင့် အခြားကျေးရွာ များလည်းရရှိအောင် ဆောင်ရွက်နေကြောင်း ရှင်းလင်းဆွေးနွေးခဲ့ သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်း ဦးက အပေါ့စား အရေးပေါ် မီးသတ်စက် အသုံးပြုပုံနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ချောင်းဝကျေးရွာအုပ်စု၊ပြင်ခရိုင်ကျေးရွာ အုပ်စု၊ ဝါးကုန်းကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာအုပ်စု၊ ဒီးဒူးကုန်း ကျေးရွာအုပ်စုနှင့် သက်ကယ် သောင် ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများအား အရေးပေါ် မီးသတ်စက်နှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများမှလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
လှိုင်မျိုးအောင်(ပြန်ဆက်)