ဘိုကလေး ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ Facility Quarantine Center များအား သောက်သုံးရေ ဖူလုံမှုရှိစေရေးအတွက် ကလိုရင်းပါဝင်သော ရေသန့်ဆေးမှုန့်များအား ယမန်နေ့နေ့လည် (၂)နာရီခန့်တွင် ပေးအပ်လှူဒါန်းခဲ့သည်။
လှူဒါန်းပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်မှ မြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ သို့ ရေသန့်ဆေးမှုန့် (၇၂၀)ထုပ် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကော်မတီမှ တစ်ဆင့် Facility Quarantine Centre များထံသို့ ဆက်လက်ပေးပို့ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)