ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်ပညာရေးမှူးရုံး အဆောက်အဦသစ် ပန္နက်ရိုက်ခြင်းဆောင်ရွက်

ဟိုပုံး ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်ဆက်ဘတ်ဂျက် ပြည်ထောင်စုရန်ပုံငွေဖြင့် မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦသစ် ပန္နက်ရိုက်ထူပေးခြင်းကိုယနေ့နံနက် (၉)နာရီအချိန် က မြို့နယ် ပညာရေးမှူးရုံး အဆောက်အဦ တည်ဆောက်မည့် မြေနေရာတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပန္နက်စိုက်ထူရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးခွန်မောင်ပယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ယာယီတာဝန်ခံ မြို့နယ် ပညာရေးမှူးရုံးမှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ဇော်ထွန်းတို့က မြို့နယ် ပညာရေးမှူးရုံး အဆောက်အဦ တည်ဆောက်မည့် နေရာအား ပန္နက်ရိုက်ထူခဲ့ကြပြီး အဆိုပါ မြို့နယ်ပညာရေးမှူးရုံးသည် အလျား(၁၀၀)ပေ၊ အနံ(၃၀)ပေဖြစ်ပြီး ပြည်ထောင်စုရန်ပုံငွေကျပ် (၁၅၃.၀၄)သန်း RC(၂)ထပ် အဆောက်အဦကို ကုန်းဘောင်ရွှေပြည် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဟိုပုံး(ပြန်/ဆက်)