ကွန်ဟိန်း ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၁၉-၂၀၂၀ ခုနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအား ယနေ့နံနက် (၁၀)နာရီအချိန်ခန့် က နမ့်ပန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်း က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ သဘာပတိအသင်း ဥက္ကဋ္ဌ ဒေါ်သောင်းသောင်းအေး က အမှာစကား ပြောကြားခြင်း၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်စုလှိုင် (ဧည့်သည်တော်) က အမှာစကား ပြောကြားခြင်း၊ ဒါရိုက်တာအဖွဲ့ဝင် ဦးမျိုးသန့် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာအား ဖတ်ကြားခြင်း၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နှင်းသူဇာလှိုင် (ဧည့်သည်တော်) က အသင်း၏ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းအား ဖတ်ကြား ရှင်းလင်းခြင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ် ဒါရိုက်တာအဖွဲ့ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်း များကို အတည်ပြုခြင်းများ ဆောင်ရွက်သည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သော အသင်းသားတစ်ဦး၏ (သား) စိုင်းမိုးမင်းလွင် အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ သဘာပတိအသင်း ဥက္ကဋ္ဌ ဒေါ်သောင်းသောင်းအေး က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းသားများ၏ အသင်းသားထောက်ပံ့ငွေနှင့် စုဆောင်းငွေအပေါ် အတိုးရငွေများအား သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများထံ ထုတ်ပေးခဲ့သည်။ အဆိုပါအစည်းအဝေးအား ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းသားများ တက်ရောက်ခဲ့ပြီး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)