ဟိုပုံး ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့် Quarantine Center များတွင် ဆောင်ရွက်လျက်ရှိသော Volunteer များအတွက် ကျန်းမာရေးအထောက်ကူပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က Quarantine Center (၆)ခု အတွက် Volunteer များကို N-95 Mask (၆၀)ခု၊ Hand Gel (၄၉)ဗူး၊ Face Shield (၁၀၁၄)ခု၊ Surgical Cap (၂၄၆)ခု၊ Googles မျက်မှန်(၂၅၂)ခု၊ အမှိုက်အိတ် (၄၈၀)ခု၊ အိမ်သာဆေးရည်(၄၈) ပုလင်း၊ အရက်ပြန်(၁၅၀)ပုလင်း၊ ထီးအကြီး(၁၂)ခု၊ Disposable Table Sheet (၂၅၂)ခု၊ Hand Speaker (၆)ခု၊ PPE (၂၄၆)စုံ၊ Apron ရှေ့ဖုံးခါးစည်း(၂၅၂)ခု၊ Surgical Gown (၆၀)ခု၊ သူနာပြုဆေးပုံး(၆)ခု၊ အပူချိန်တိုင်းစက်(၆)ခု၊ Hand Washing Soap Liguid (၂၅၂)ဗူး၊ ဗီတာမင်စီ (၃၇၁၄)လုံး၊ အန်နာဗွန်စီ (၃၇၁၄)လုံး၊ Bleashing Powder (၆၀)စည်၊ surgical Mask (၁၀၅၀)ခု၊ Glove တစ်ခါသုံး(၄၉၂)စုံ၊ ရော်ဘာ Glove (၂၄၆)စုံ၊ Examination Glove (၉၀)စုံ၊ လည်ရှည် ဖိနပ်(၇၂)ရံ၊ ပိုးသတ်ဆေးရည်(၁၂၆)ဂါလန်၊ ဆေးဖြန်းပုံး(၁၈)ပုံး၊ ဘေစင်(၆)ခု၊ အမှိုက်ပုံးကြီး(၆)ပုံး၊ အကြမ်းစီး ဖိနပ်(၃၆)ရံ၊ Hand Spray (၃၀၆)ဗူး၊ ဖိနပ်စွပ်(၁၀၂)စုံ၊ ပိုးသတ်ဆေးဖြန်းစက်(၆)ခုတို့ကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိုပုံး(ပြန်/ဆက်)