၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပုဗ္ဗသီရိမြို့နယ်အတွင်း၌ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာစာအိတ်(A)များ ဖွင့်ဖောက်စစ်ဆေး

ပုဗ္ဗသီရိ ဒီဇင်ဘာ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် နည်းပညာအဆိုပြုလွှာ စာအိတ်(A)များ ဖွင့်ဖောက်စစ်ဆေးခြင်းကို ယနေ့နံနက် နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်တင်ဒါကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက LOT တစ်ခုချင်းစီ၌ တင်သွင်းထားသည့် နည်းပညာအဆိုပြုလွှာ စာအိတ်(A)များ ဖွင့်ဖောက်စစ်ဆေး ရာတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကုမ္ပဏီများကိုသာ ငွေကြေးအဆိုပြုလွှာ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း၊ တင်ဒါအောင်မြင်ရရှိသည့် ကုမ္ပဏီများအနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက် ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများပြည့်မီအောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အင်ဂျင်နီယာ ဦးညီညီဇော်က နည်းပညာဆိုင်ရာ အဆိုပြုလွှာများ၏ အမှတ်ပေးနည်းစနစ်များအား ရှင်းလင်းပြော ကြားပြီး  LOT တစ်ခုချင်းစီ၏ နည်းပညာအဆိုပြုလွှာများအား တင်ဒါအဆိုပြုလွှာအမှတ်ပေးရေး အဖွဲ့မှ ဖွင့်ဖောက် စစ်ဆေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စည်ပင်သာယာလုပ်ငန်း ခုနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန လုပ်ငန်းတစ်ခုတို့အတွက် နည်းပညာအဆိုပြုလွှာများခေါ်ယူခဲ့ခြင်းဖြစ်ပြီး လုပ်ငန်း ၁၀ ခုအတွက် နည်းပညာအဆိုပြုလွှာစုစုပေါင်း ၁၄၆ ခုရှိပြီး QA/QC အတွက် နည်းပညာအဆိုပြုလွှာ ၁၁ ခု ရှိ ကြောင်း သိရသည်။

ကံချွန်(ပြန်/ဆက်)