ကျွန်းစု ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်း ရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ် ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် များ၏ ကိုယ်စား ဦးအောင်မြတ်ထွန်း က အမှာစကားပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ် စီမံကိန်း ဦးစီးမှူး ဦးစိုးနိုင်က ဌာနဆိုင်ရာများ၏ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများ၏ ပြီးစီးမှု အခြေအနေများနှင့် ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေး တင်ပြရန် ပြောကြားခဲ့ရာ သက်ဆိုင်ရာ ဌာနများက မိမိတို့၏ ၂၀၂၀ - ၂၁ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း အဆိုပြုချက်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
စည်သူရအောင်