နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program - NCMP) ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရမည်းသင်း    ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉နာရီက နိုင်ငံ တစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program - NCMP) ရှင်းလင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက အမှာစကား ပြောကြားပြီး ရမည်းသင်းခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး ဒေါ်ဌေးဌေးမော် က နိုင်ငံအဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ဒုတိယ ခရိုင်တရားသူကြီး ဒေါ်ခင်လဲ့လဲ့က နိုင်ငံအဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် လုပ်ထုံး လုပ်နည်းကို လည်းကောင်း၊ မြို့နယ်တရားသူကြီး ဦးဇော်လင်းမောင်က နိုင်ငံအဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဖြင့် စစ်ဆေးမည့် အမှုများတွင် အသုံးပြုမည့်ပုံစံများကိုလည်းကောင်း ရှင်းလင်းဆွေးရာ တက်ရောက်လာ သူများ ကသိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူတို့ကပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့်ဦးအောင်မျိုးဦး၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များနှင့် ခရိုင်/မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်သန်း တို့တက်ရောက်ကြကြောင်း သိရသည်။

ဇော်ဝင်းအောင်