တနင်္သာရီ ဒီဇင်ဘာ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်များတွင် ဆေးရောင်းချ ခွင့်လိုင်စင် ရှိ/မရှိနှင့် မှတ်ပုံတင်မထားရှိသောဆေးဝါးများ ရောင်းချ နေခြင်း ရှိ/မရှိ၊ တားမြစ် ဆေးဝါးများ တရားမဝင်ရောင်းချနေခြင်း ရှိ/မရှိ အခြေအအနေ အမှန်ကို သိရှိနိုင်ရန် မြို့နယ်ဆေးဝါး ကြီးကြပ်ရေးအဖွဲ့မှ ယနေ့ နံနက် ၉ နာရီ အချိန်က မြို့ပေါ် ရပ်ကွက်ဖြစ်သည့် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အတွင်းရှိဆေးဆိုင်များသို့ ရုတ်တရက် သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့စစ်ဆေးရာ၌ မြို့နယ်ဆေးဝါးကြီး ကြပ်ရေးအဖွဲ့မှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဦးတင်ထွန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်ကြည်သိန်းနှင့် တပ်ဖွဲ့ဝင်(၂)ဦး၊ မြို့နယ်အခွန်ဦးစီးဌာနရုံးမှ အငယ်တန်း စာရေး ကျော်မင်းဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ် ထင်လင်းအောင်နှင့်တပ်ဖွဲ့ဝင်(၂)ဦး၊ ချောင်းကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် ချောင်းငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်စည်ဖြိုးတို့ပါဝင်သော ပူးပေါင်းအဖွဲ့ က ဆေးဆိုင်များအား ဆေးရောင်းချခွင့် လိုင်စင်ရှိ/မရှိ၊ မှတ်ပုံတင်မထားသည့် ဆေးဝါးများရောင်းချခြင်း ရှိ/မရှိ၊ ခွင့်ပြုချက်မရှိသော တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန် ဆေးဝါးများရောင်းချခြင်းရှိ/မရှိ တို့အားလိုက်လံစစ်ဆေးကြပြီး၊ တရားမဝင် ဆေးဝါးပစ္စည်းများကို လုံးဝရောင်းချခြင်းမပြုရန် ပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အလားတူ တကူကျေးရွာအုပ်စုအတွင်းမှာလည်း တကူကျေးရွာအုပ်စု အုပ်ချုပ်ရေး ဦးကျော်ငွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ တကူကျေးလက်ကျန်းမာရေးဌာနမှ ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်နှင့် ဆရာမ(၄)ဦး၊ တကူရဲကင်းမှ တပ်ကြပ်ကြီးမျိုးသော်တာနှင့် ရဲတပ်ဖွဲ့ဝင် (၂)ဦး၊ တကူမီးသတ်ဦးစီးဌာနမှ တပ်ကြပ်အောင်သူဟိန်းပါ(၂)ဦးတို့ပါဝင်သောပူးပေါင်း အဖွဲ့သည် တကူကျေးရွာအုပ်စု ပြည်အေးရွာ၊ သံတိုက်ရွာရှိ ဆေးဆိုင်များအတွင်း ယင်းကဲ့သို့ စစ်ဆေးပေးကြပြီး ပညာပေးဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)