လွိုင်ကော် ဒီဇင်ဘာ ၂၉
လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာတွင် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံအဖြစ် ခရမ်းချဉ်သီး၊ ဂေါ်ဖီပန်း၊ ဂေါ်ဖီထုပ်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိသည်။
သီးနှံများ ဆွတ်ခူးရောင်းချချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ စျေးများအပြင် အောင်ပန်းမြို့၊ ရန်ကုန်မြို့အထိ သယ်ယူပြီး ရောင်းချသော်လည်း စျေးကောင်းမရရှိကြောင်း၊ ခြံအတွင်း သွားရောက်ဝယ်ယူပါက ဂေါ်ဖီပန်းတစ်ပွင့်လျှင်(၁၂၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ အချို့က အခင်းပြတ် ရောင်းချပြီး တစ်ဆင့်ပြန် လည်ရောင်းချသူများက အရွယ်အစားအပေါ် မူတည်၍ (၅၀၀)ကျပ်အထိ ရောင်းချကြရကြောင်း ဒေသခံ တောင်သူ များထံမှ သိရသည်။
“ပြီးခဲ့တဲ့နှစ်က ဂေါ်ဖီပန်းကို လွိုင်ကော်စျေး၊ ဖယ်ခုံစျေး၊ ဆီဆိုင်မြို့အထိ သွားရောင်းတာ စျေးကောင်းရ တယ်၊ ယခုနှစ် ကိုဗစ်-၁၉ ကာလ အတွင်းမှာ အသွားအလာ ကန့်သတ်ထားတဲ့ အတွက်ကြောင့် စိုက်ပျိုးသီးနှံတွေ စျေးနှုန်းကျဆင်းလာတယ်၊ သယ်ယူစရိတ် မြင့်မားတဲ့ အတွက် ကြောင့် တစ်ဆင့်ခံပွဲစားများကိုပဲ အားထားနေရတယ်၊ အချို့စိုက်ပျိုးထားတဲ့ သီးနှံတွေ စျေးကောင်းမရတဲ့ အတွက်ကြောင့် အရင်း ပြန်မရတဲ့ သီးနှံများလည်း ရှိတယ်” ဟု လင်ဖုံလေး ကျေးရွာရှိ ဒေသတောင်သူများ၏ ပြောပြချက်အရ သိရ သည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)