နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး နမ္မတူမြို့နယ်၌ ဒဏ်ငွေရိုက်ကာ ကြပ်မတ်ဆောင်ရွက်

နမ္မတူ  ဒီဇင်ဘာ ၂၉

နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက် ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့မဈေးအနီးရှိ ဗိုလ်ချုပ်လမ်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံ ပြည်သူများအား နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်စေရေး အသိပညာပေး၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မတပ်ဆင်လာသော ဒေသခံပြည်သူ (၇၆) ဦးခန့်အား ရေမလို လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေ၍  ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့သည်။

နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ရက်သတ္တတစ်ပတ်လျှင် (၂)ကြိမ်နှုန်း ကြပ်မတ်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလမှ ယနေ့အချိန်အထိ သုံးလအတွင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မတပ်ဆင်လာသော ဒေသခံပြည်သူ (၁၁၀၆)ဦးခန့်အား ဒဏ်ငွေရိုက် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

လူမော် (ပြန်/ဆက်)