ထားဝယ် နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ယမန်နေ့ညနေ ၃ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာသည့် အမျိုးသား/အမျိုးသမီးများ၏ ကီလိုတန်းအလိုက် အကြိတ်အနယ် လက်ဝှေ့ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အားဂုဏ်ပြုဆုချီးမြှင့်ပြီး အမျိုးသမီးအကောင်းဆုံးအားကစားသမား ဆုရရှိသည့် မြိတ်မြို့နယ်မှ မပန်းဆုပြည့်နှင့် အမျိုးသားအကောင်းဆုံးအားကစားသမားဆုရရှိသည့် ထားဝယ်မြို့နယ်မှ မောင်လွင်မျိုးသန့်တို့အား ဆုများပေးအပ်ချီးမြှင့်ကာ တိုင်းဒေသကြီးလက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်က ဂုဏ်ပြုဆုငွေ (၂) သိန်းစီ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက (၄၀) ကီလိုတန်း အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထားဝယ်မြို့နယ်မှ မောင်ကြယ်စင်ကျော်၊ ဒုတိယဆုရရှိသည့် သရက်ချောင်းမြို့နယ်မှ မောင်အာကာဖြိုး၊ ပူးတွဲတတိယဆုရရှိသည့် ဘုတ်ပြင်းမြို့နယ်မှ မောင်ထိန်လင်းဦးနှင့် မြိတ်မြို့နယ်မှ မောင်သူရိန်မိုး၊ (၅၂) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထားဝယ်မြို့နယ်မှ မောင်လွင်မျိုးသန့်၊ ဒုတိယဆုရရှိသည့် သရက်ချောင်းမြို့နယ်မှ မောင်အောင်ဟိန်း၊ ပူးတွဲတတိယဆုရရှိသည် ကျွန်းစုမြို့နယ်မှ မောင်စိုးတင့်နိုင်နှင့် ပုလောမြို့နယ်မှ မောင်မြတ်စိုးတို့အားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က (၅၆) ကီလိုတန်း အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျွန်းစုမြို့နယ်မှ မောင်စိုင်းသူစိုး၊ ဒုတိယဆုရရှိသည့် ထားဝယ်မြို့နယ်မှ မောင်အောင်မျိုးသူ၊ ပူးတွဲတတိယဆုရရှိသည့် လောင်းလုံးမြို့နယ်မှ မောင်လင်းခန့်အောင်နှင့် မြိတ်မြို့နယ်မှ မောင်သန့်ဇင်ပိုင်တို့အားလည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က (၄၈) ကီလိုတန်းအမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထားဝယ်မြို့နယ်မှ နော်တာဘလုဆိုး၊ ဒုတိယဆု ရရှိသည့် မြိတ်မြို့နယ်မှ မဇင်သန္တာကျော်၊ ပူးတွဲတတိယဆုရရှိသည့် ရေဖြူမြို့နယ်မှ မဇင်မာဝင်းနှင့် ကျွန်းစုမြို့နယ်မှ မသက်နှင်းဖြူတို့အားလည်းကောင်း တစ်ဦးချင်းဆုနှင့်ငွေသားဆုများ အသီးသီးပေးအပ် ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက (၅၁) ကီလိုတန်းအမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြိတ်မြို့နယ်မှ မပန်ဆုပြည့်၊ ဒုတိယဆုရရှိသည့် ကျွန်းစုမြို့နယ်မှ မကြယ်စင်ဖူး၊ တတိယဆုရရှိသည့် ထားဝယ်မြို့နယ်မှ မနှင်းနန္ဒာဝင်းတို့အား တစ်ဦးချင်းဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက (၅၇) ကီလိုတန်း အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြိတ်မြို့နယ်မှ မမေပိုင်စိုး၊ ဒုတိယဆုရရှိသည့် ကျွန်းစုမြို့နယ်မှ မဖြူဖြူစန်း၊ တတိယဆုရရှိသည့် ထားဝယ်မြို့နယ်မှ မဆောင်းဝေဇင်ထွေးတို့အား တစ်ဦးချင်းဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အမျိုးသားပြိုင်ပွဲတွင် ရွှေ (၄) ခု၊ ငွေ (၁) ခုရရှိသည့် ထားဝယ်မြို့နယ် နှင့် အမျိုးသမီးပြိုင်ပွဲတွင် ရွှေ (၂) ခု၊ ငွေ (၁) ခု ၊ ကြေး (၁) ခုရရှိသည့် မြိတ်မြို့နယ်တို့အား တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးလက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်က ဂုဏ်ပြုဆုငွေ (၅)သိန်းစီပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)