မိုင်းယုမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းယု ဒီဇင်ဘာ  ၂၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေကြသည့် တည်ဆောက်ရေးလုပ်အား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကော်မတီအဖွဲ့များက ယနေ့ နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးညီညီဝင်းနှင့် ကော်မတီအဖွဲ့ဝင်များက မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်(၈၁) သန်းဖြင့် GLORY THI LAND ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်မည့် (အလျား ပေ ၉၀၊ အနံ ပေ ၃၀)ရှိသည့် ကျောင်းဆောင်သစ် မြေအနေအထားများ၊ လုပ်ငန်းလျာထားချက် အကွက်ချမှု အခြေအနေများ၊ မြို့မရပ်ကွက်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးကုသရေးဦးစီးဌာနရုံးရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်(၃၅.၁၆)သန်းဖြင့် အလျား ၃၀ ပေ၊ အနံ ၂၀ ပေရှိသည့် RC နှစ်ထပ်ရုံး အဆောက်အဦတို့အား သတ်မှတ်စံချိန်စံညွှန်းနှင့်အရည်အသွေးပြည့်မီစေရေးတို့ကို   ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီအဖွဲ့ဝင်တို့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်(၆၅)သန်းဖြင့် စိုင်းရှဲန်ရွက်ကုမ္မဏီလီမီတက်မှ တာဝန်ယူဆောင်ရွက်နေသည့် အဆိုပါ ရပ်ကွက်ရှိ သုဿာန်လမ်း အရှည် ၁၀၀၀ ပေ၊ အနံ ၁၈ ပေ၊ ထု လက်မရှိသည့် ကွန်ကရစ်လမ်းခင်းကျင်းမှု အခြေအနေတို့ကို သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဒေသတွင်းလုပ်ငန်းများ အဆင်ပြေချော့မွေ့စွာ အချိန်မီပြီးစီးနိုင်ရေးတို့အတွက် လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)