ပင်းတယမြို့တွင် မြသုခ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်အမှုဆောင်ဒါရိုက်တာအဖွဲ့နှင့် အသင်းသားစာရင်းစစ်အဖွဲ့ ရွေးချယ်ခြင်းအခမ်းအနား ကျင်းပ

ပင်းတယ   ဒီဇင်ဘာ   ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ “မြသုခ” အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမ အသင်းလီမိတက်၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အစုပေါ်အမြတ်၊ စုဆောင်းငွေပေါ်အတိုး နှင့်အမှတ်တရပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ က ပင်းတယမြို့ သမဝါယမအသင်းစုလီမိတက် “သက်တန့်ရောင်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးနည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပင်းတယမြို့နယ် မြသုခ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ သဘာပတိ ဦးစိုးနိုင်က အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီဝင်းက ပင်းတယမြို့ “မြသုခ အစိုးရဝန်ထမ်း ပေါင်းစုံ ငွေစုငွေချေးအသင်းလီမိတက်၏ လုပ်ငန်းဆောင်ရွက်သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက  ဒါရိုက်တာအဖွဲ့၊ အသင်းသားစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ အသင်း၏ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေခြင်း စာရင်းတင်သွင်းခြင်း များကို ဖတ်ကြားရှင်းလင်း၍ သဘာပတိမှ အသင်းသားများ၏ ဆန္ဒခံယူ၍ တင်ပြချက်များအား အတည်ပြုကြေငြာပေးခဲ့ပြီး၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ် အသင်းဝင်ပေါင်း (၁၄၅၂) ဦးနှင့် အသင်းသားများအတွက် ခြောက်လစာ  အစုပေါ်အမြတ်၊ စုဆောင်းငွေပေါ်အတိုးနှင့် အမှတ်တရပစ္စည်းများအား သဘာပတိကပေးအပ်ရာ အသင်းသားကိုယ်စားလှယ်တစ်ဦးမှ လက်ခံရယူပေးခဲ့သည်။ ယနေ့အခမ်းအနားတွင် စုဆောင်း ငွေပေါ်အတိုး၊ အစုပေါ်အမြတ်ငွေ ကျပ်သိန်းပေါင်း (၆၆၀,၂၉၇၇၆/-) ကျပ်နှင့် GM လက်ဆောင်ပစ္စည်း ကျား/မ လုံချည် (၁၄၅၂) ထည်၊ စုစုပေါင်းတန်ဖိုး (၇၂,၆၀၀၀ဝိ/-) ကျပ်အား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အသင်းသားများထံသို့ ကျပ်(၁၂၅၂) သိန်းနှင့် ကိုဗစ်ကာလအတွင်း ထောက်ပံ့ငွေကျပ် (၉၈)သိန်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပင်းတယမြို့နယ် “မြသုခ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏   အမှုဆောင်ဒါရိုက်တာအဖွဲ့နှင့် အသင်းသားစာရင်းစစ်အဖွဲ့ ရွေးချယ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ ရွေးချယ်ခံကိုယ်စားလှယ်များမှ သဘာပတိ၏ ရှေ့မှောက်တွင် ကတိသစ္စာခံယူခြင်း၊ အမှုဆောင်အဖွဲ့၏ သဘောတူညီချက်ဖြင့် လုပ်ငန်းခွဲဝေမှုအား သဘာပတိမှ အတည်ပြုကြေငြာပေးခြင်းနှင့် အသင်း၏ ဥက္ကဋ္ဌ အသစ်မှ မိတ်ဆက်စကား ပြောကြားပြီး သဘာပတိမှ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပင်းတယ)