ရေကြည်မြို့နယ်တွင် မိုးစပါး ပေါ်ဆန်းဘေးကြား စံကွက်ရိတ်သိမ်း

ရေကြည် ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်မိုးစပါးရာသီတွင် ရာသီစပါး ပေါ်ဆန်း ဘေးကြား စပါးမျိုးအား စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ရေကြည်မြို့နယ် နွားရေတိုက် ကျေးရွာ အုပ်စု ကွင်းအမှတ် (၈၃၁) ဦးပိုင်အမှတ် (၃၀/၁) တောင်သူဦးမင်းနိုင် စိုက်ပျိုးထားသော ပေါ်ဆန်းဘေးကြားစပါးကွင်းတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။


အဆိုပါတောင်သူ အသိပညာပေး မိုးစပါးရိတ် ပေါ်ဆန်းဘေးကြား ရိတ်သိမ်းရာတွင် ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာ အုပ်စုရှိ စပါးရိတ်သိမ်းစက်ဖြင့် ရိတ်သိမ်းပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမျိုးနွယ်နှင့် ၀န်ထမ်းများက ချင်တွယ်ခဲ့ရာ (၁) ဧကစပါးစိုက်ခင်း (၉၈.၀၆) တင်း (အစို) ထွက်ရှိခဲ့ပြီး စပါးကျဲခင်း (၁) ဧက (၈၄.၁၇) တင်း (အစို) ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေး ဌာနမှ သိရှိရသည်။

 

အဆိုပါပေါ်ဆန်းဘေးကြား စပါးရိတ်သိမ်းရာသို့   ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိန်မောင်မြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမျိုးနွယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)