တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာ၌ စောင့်ကြပ်ကြည့်ရှုထားသူ (၈) ဦးတွင် ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ

တီးတိန်  ဒီဇင်ဘာ ၂၉

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာ Facility Quarantine Center ၌ အသွားအလာ ကန့်သတ် စောင့်ကြပ် ကြည့်ရှုထားသူ (၃၂) ဦးအား ယမန်နေ့က RDT ဖြင့်စစ်ဆေးရာ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၆) ဦးတွင် ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။

အဆိုပါပိုးတွ့လူနာများကို တွီးထန်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူကြမည်ဖြစ်ကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

တွီးထန်ကျေးရွာတွင် ယခုလတ်တလောအချိန်၌ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ (၂၀) ဦးအထိ ရှိလာကြောင်း၊ ပိုးတွေ့လူနာ အစုလိုက် တွေ့ရှိရခြင်းကြောင့် လည်းကောင်း၊ ဓာတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့သူများပြားနေ၍ လည်းကောင်း၊ တွီးထန်ကျေးရွာအား ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၁ ခု၊ ဇန်နဝါရီ ၉ ရက်နေ့အထိ အဝင်အထွက် ကန့်သတ်သည့်ကျေးရွာအဖြစ် သတ်မှတ်ကြောင်း သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)