ကော့သောင်း နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအလိုက်မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင် ပါဝင်နိုင်ရေး တစ်အိမ်တက်/ ဆင်း မြေပြင်ကွင်းဆင်းခြင်းများကို ယနေ့ နေ့လယ်ပိုင်းမှစ၍ ရပ်ကွက်၊ ကျေးရွာအလိုက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအလိုက် နေထိုင်သည့် ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား အိမ်ထောင်စု စာရင်းများဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှုရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်း၊ မဲပေးပိုင်ခွင့်ရှိပြီး ပါဝင်မှုမရှိသေးသူများအား ပုံစံ(၃) ဖြင့် လျှောက်ထားဆောင်ရွက်ခြင်းများကို တစ်အိမ်တက်၊ ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင်ပါဝင်နိုင်ရေး ရပ်ကွက်၊ ကျေးရွာအလိုက် တစ်အိမ်တက်၊ ဆင်း မြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းကို နိုဝင်ဘာလ (၂၆) ရက်နေ့ မှ ဒီဇင်ဘာလ (၄) ရက်နေ့ထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)