ပုလော သြဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ် (၃) ရပ်ကွက် အောင်ရတနာ မြိတ်ကားလမ်း၊ ဇာဒီတောင်ဘုရားအနီးတွင် လေပြင်းတိုက်ခိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျ၍ အိမ်ပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဓနိမိုး၊ ယိုင်ကာ၊ ခြေတိုင်ရှည် အလျား (၃၀) ပေ × အနံ (၂၀) ပေ နေအိမ်တစ်ဆောင်ပေါ်သို့ သစ်ပင်လှကျ၍ အိမ်ပြိုမှုဖြစ်ပွားခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)