မော်လမြိုင်ကျွန်းမြို့နယ်၌ ၃၆-ကြိမ်မြောက် အဝေးရောက် မြတ်ဆရာ ကန်တော့ပွဲကျင်းပ​​မည်

မော်လမြိုင်ကျွန်း  ဒီဇင်ဘာ ၂၉

မော်လမြိုင်ကျွန်းမြို့နယ် အထက(၁)ကျောင်းတော်ကြီး၌ အသက်(၆၀)နှစ်အထက်အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ ပူဇာ်ကန်တော့ပွဲကို ဒီဇင်ဘာလ ၃၁ရက် ည(၇)နာရီတွင် ကျင်းပမည်။

နှစ်စဉ် ကျင်းပမြဲဖြစ်သော ဆရာကန့်တော့ပွဲ အခမ်းအနားကို ယခု့နှစ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်ပွားနေစဉ် ကာလဖြစ်သည့် အတွက် ပူဇော်ပွဲအခမ်းအနားအားဆောင်ရွက်နိုင်ခြင်းမရှိပါ။

သို့ဖြစ်ပါ၍ (၃၆)နှစ်မြောက်အထိမ်းအမှတ် မြတ်ဆရာကန့်တော့ပွဲအား onlineမှ တဆင့် ပူဇော်ကန်တော့မည်ဖြစ်သည်။

ထို့သို့ကန်တော့ရာတွင်ယနေ့ နေ့လည်၂နာရီအချိန်ကမြို့နယ်အတွင်းရှိ ဆရာကြီး၊ ဆရာမကြီး များအား အိမ်တိုင်ရာရောက် လိုက်လံ၍ ဆရာကန့်တော့ပွဲဖြစ်မြောက်ရေး ကော်မတီမှ လိုက်လံကန့်တော့မည်ဖြစ်ပြီး အဝေးရောက်ဆရာ၊ ဆရာမကြီးများအတွက် ပူဇော်ကန် တော့ငွေများကို K.pay/CB-pay/Wave Money တို့ဖြင့် ပေးပို့ပူဇော်မည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူဟောင်းများမှကန့်တော့ခံဆရာ၊ ဆရာမကြီး  (၁၉၇)ဦးတို့အား နေရပ် အသီးသီးမှအာရုံပြု၍ ဒီဇင်ဘာ (၃၁)ရက် ည၇နာရီ အချိန်တွင် ပူဇော်ကန့်တော့ မည်ဖြစ်ကြောင်း သိရှိရသည်။

သီတာအောင်(ပြန်ဆက်)