ကော့သောင်း နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကျင်းပပြုလုပ်သော အမျိုးသမီးများ ကိုယ်လုံပညာသင်တန်းကို ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ နဝရတ်အားကစားရုံတွင် နိုဝင်ဘာ(၂၇)ရက်နေ့မှ စ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါအမျိုးသမီးများ ကိုယ်လုံပညာသင်တန်းဖွင့်ပွဲတွင် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများက အမှာစကားပြောကြားခဲ့ပြီး မြန်မာ့သိုင်းနည်းပြများက ကော့သောင်းမြို့အတွင်းရှိ၊ အခြေခံပညာကျောင်းများမှ သင်တန်းသူများအား အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကိုယ်လုံပညာများကို အခြေခံမှစ၍ သင်ကြားပေးလျက်ရှိသည်။
အဆိုပါအမျိုးသမီးများ ကိုယ်လုံပညာသင်တန်းကို နိုဝင်ဘာ(၂၇)ရက်နေ့မှ ဒီဇင်ဘာ (၆)ရက်နေ့ထိ (၁၀)ရက်တာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)